၁။ ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် ဓာတုဗေဒ ဌာန၊ ကုန်ထုတ်ဓာတုဗေဒဌာန၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနများ ပူးပေါင်း၍ Certificate in Food Technology Course သင်တန်းအမှတ်စဉ် (၂) ကို ရန်ကုန် တက္ကသိုလ်၊ ဓာတုဗေဒဌာန၌ ဖွင့်လှစ်မည်ဖြစ်ပါသည်။
၂။ သင်တန်းဝင်ခွင့်အရည်အချင်း – တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး စာသောက်ကုန်လုပ်ငန်း အတွေ့အကြုံရှိသူ
၃။ သင်တန်းကာလ – (၃) လ
၄။ သင်တန်းချိန် – နံနက်(၇)နာရီ မှ (၉)နာရီထိ (တနင်္လာ မှ သောကြာနေ့)
နံနက်(၈)နာရီ မှ ညနေ(၃)နာရီထိ (တနင်္ဂနွေနေ့)
၅။ သင်တန်းဖွင့်မည့်ရက် – (၁၇.၆.၂၀၁၇)
၆။ သင်တန်းတက်ရောက်လိုသော သင်တန်းသာ/သူများသည် ၈.၆.၂၀၁၉ နံနက် (၉)နာရီမှ စ၍ အောက်ဖော်ပြပါ website link ၌ ဝင်ခွင့်ပုံစံဖြည့်စွက်လျှောက်ထားနိုင်ပါသည်။ ဦးစွာရောက်ရှိပြီး ပြည့်စုံသောလျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း သတ်မှတ်ဦးရေ ပြည့်သည်အထိ လက်ခံမည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်ခွင့် ရသူများ၏ အမည်စာရင်းကို ရန်ကုန် တက္ကသိုလ်၊ ဓာတုဗေဒဌာန၌ (၁၄.၆.၂၀၁၉) ညနေ (၃)နာရီတွင် ကြေညာပါမည်။ ၄င်းအမည် စာရင်းတွင် ပါဝင်သူများသည် လူကိုယ်တိုင်လာရောက်၍ ကျောင်းအပ်နှံရမည် ဖြစ်ပါသည်။
Training Course Registration Form
ဓာတုဗေဒဌာန
ရန်ကုန်တက္ကသိုလ်