ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာန

ရုက္ခဗေဒ ဘာသာရပ် (ပထမနှစ်-ထူးချွန်) သင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။
လက်ရှိတွင် ပထမနှစ်မှ စတုတ္ထနှစ်၊ ပထမနှစ် (ဂုဏ်ထူးတန်း)မှ တတိယနှစ် (ဂုဏ်ထူးတန်း)အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။ ရုက္ခဗေဒဘာသာရပ် ပထမနှစ်(ထူးချွန်) သင်တန်း တက်ရောက်ရန်အတွက် အနိမ့်ဆုံးလိုအပ်ချက်မှာ စုစုပေါင်းရမှတ် ၄၀၀ (ဇီဝဗေဒ ဂုဏ်ထူး) ရရှိရမည်ဖြစ်ပါသည်။
ဇီဝဗေဒတွင် အခြားသက်ရှိများအား လေ့လာသည့်နည်းတူ အပင်များ၏ ဆင့်ကဲဖြစ်စဉ်နှင့် ဇီဝစက်ဝန်းတို့ကို ဆဲလ်၊ တစ်ရှူး၊ အင်္ဂါအစိပ်အပိုင်း၊ အရေအတွက်၊ စုစည်း ပေါက်ရောက်ပုံ တို့မှ တဆင့် မောလီကျူး၊ မျိုးဗီဇနှင့် ဇီဝဓာတု စသည့် အဆင့်ပေါင်းစုံ ရှုထောင့်အမျိုးမျိုးမှ လေ့လာ သုံးသပ်နိုင်သည်။
ဤကဲ့သို့ အဆင့်အသီးသီးတွင် ရုက္ခဗေဒပညာရှင်များသည် အပင်များ၏ အမျိုးအစား ခွဲခြားပုံ၊ ခန္ဓာဗေဒအားဖြင့်လည်းကောင်း ပုံပန်းသဏ္ဌာန်အားဖြင့် လည်းကောင်း ဖွဲ့တည်ပုံ သို့မဟုတ် အလုပ်လုပ်ပုံတို့ကို စူးစိုက်လေ့လာကြသည်။ သမိုင်းအစဉ်အလာအရ သက်ရှိများအား အပင်နှင့် သတ္တဝါဟု ခွဲခြားထားလေ့ရှိသည်။ ရုက္ခဗေဒတွင် သတ္တဝါမဟုတ်သည့် သက်ရှိအားလုံး အကျုံးဝင်သည်။ အပင်များသည် ကမ္ဘာပေါ်ရှိ သက်ရှိများ၏ အခြေခံကျသည့် အစိတ်အပိုင်းဖြစ်သောကြောင့် အရေးကြီးလှသည်။



ရုက္ခဗေဒ (Botany)ဆိုသည်မှာ အပင်လောကကို သိပ္ပံနည်းကျ လေ့လာသည့် ပညာရပ်တစ်ခုဖြစ်ပြီး ဇီဝဗေဒ၏ ဘာသာရပ်ခွဲတစ်ခြုဖစ်ပါသည်။ လူသားတို့သည် အပင်များအပေါ်မှီခိုကြရသည်။ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ လောင်စာ၊ အလှအပနှင့် အသက်ရှင်ရေးအတွက် လိုအပ်သောအရာများ ဖြည့်ဆည်းပေးသည်မှာ အပင်များပင် ဖြစ်သည်။ ရုက္ခဗေဒသည် အပင်များ၏ ကြီးထွားဖွံ့ဖြိုးမှု၊ ဘဝစက်ဝန်း၊ ဆေးဖက်ဝင်ပုံ၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါမှုစသဖြင့် လေ့လာသည့် သိပ္ပံပညာ Plant Science ဖြစ်သည်။
ရုက္ခဗေဒတွင် ပင်လယ်ရေမှော်အုပ်စု (algae)၊ မှိုအုပ်စု (fungi)၊ Liverworts, Mosses, Ferns, Gymnospermsနှင့် ပွင့်ဆောင်ပင် (Angiosperms) တို့၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြီးထွားမှု၊ မျိုးပွားခြင်း၊ ဇီဝကမ္မဖြစ်စဉ်များ၊ ရောဂါဘယ၊ ရုပ်ဝတ္ထု၊ ဓာတ်သတ္တုဆိုင်ရာ ဂုဏ်သတ္တိများနှင့် မတူညီသည့် မျိုးစုများအကြား ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဆက်စပ်မှုများကို လေ့လာသုံးသပ်သည့် ပညာရပ်များ ကျယ်ကျယ်ပျံ့ပျံ့ ပါဝင်ပါသည်။

ရုက္ခဗေဒ၏ ဘာသာရပ်ခွဲများမှာ
Agronomy— Application of plant science to crop production
Bryology—Mosses, liverworts, and hornworts
Economic Botany—Study of plants of economic use or value
Ethnobotany — အပင်နှင့် လူသားအကြား ဆက်စပ်မှု
Forestry— သစ်တောကြိုးဝိုင်း စီမံကွပ်ကဲမှုနှင့် အခြားစပ်လျဉ်းရာ အကြောင်းအရာများ
Horticulture—Cultivated plants
Lichenology—The study of lichens
Paleobotany— ကျောက်ဖြစ်ရုပ်ကြွင်း အပင်များအား လေ့လာမှု
Palynology— ဝတ်မှုံနှင့် spores
Phycology— ပင်လယ်ရေမှော် (Algae)
Phytochemistry—Plant secondary chemistry and chemical processes
Phytopathology— အပင် ရောဂါဗေဒ
Plant Anatomy— အပင် ဆဲလ်နှင့် တစ်ရှူး ဖွဲ့စည်းပုံ
Plant Ecology— သဘာဝဝန်းကျင်အတွင်း အပင်များ၏ အခန်းကဏ္ဍ
Plant Genetics— အပင်များ၏ မျိုးဗီဇ ဆက်ခံမှု
Plant Morphology— အသွင်သဏ္ဍာန်နှင့် ဘဝစက်ကွင်း
Plant Physiology—Life functions of plants
Plant systematics— အပင်များအား အမည်ပေးခြင်းနှင့် အမျိုးအစားခွဲခြားခြင်း
Plant tissue culture - အပင်tissue မွေးမြူခြင်း
Microbiology - အဏုဇီဝဗေဒ
Pharmacognosy - အပင်မှဆေးဘက်ဝင်ဒြပ်ပေါင်းထုတ်လုပ်ခြင်း

သင်ကြားလျက်ရှိသော ဘာသာရပ်များမှာ...
ပထမနှစ်တွင် အပင်လောကကို ခြုံငုံသဘောပေါက်နားလည်စေရန် ရည်ရွယ်၍ semester 1တွင် Plant Biology နှင့် semester 2တွင် Basic concept of applied botany ဘာသာရပ်ကို သင်ကြားလေ့လာကြရမည်။
ဒုတိယနှစ်တွင် အပင်လောက (Survey of plant kingdoms)၊ အပင်များကို သိပ္ပံနည်းကျမျိုးခွဲနိုင်ရန် စနစ်ကျမျိးခွဲပညာ (Taxonomy)၊ ဂေဟဗေဒ (Ecology)၊ အပင်မျိုးကောင်း မျိုးသန့်များရှာဖွေဖော်ထုတ်ရန်အတွက် မျိုးရိုးပညာ (Genetics)၊ ဆဲလ်မျိုးရိုးပညာ (Cytogenetics)၊ ဥယျာဉ်ခြံစိုက်ပျိုးရေးပညာ (Horticulture) စသည်တို့ကို လေ့လာသင်ယူရမည်။
အပင်များသည် သက်ရှိဖြစ်သဖြင့် cell, tissueများဖြင့် ဖွဲ့စည်းထားရာ ဆဲလ်နှင့် တစ်ရှုးတို့၏ ဖွဲ့စည်းပုံက်ို လေ့လာရသော Plant cytology & Anatomy၊
ဆဲလ်ကိုအသေးစိတ်လေ့လာရသောပညာ (Cell Biology)၊ အပင်ဇီဝကမ္မဗေဒ (Plant physiology)၊ အပင်ရောဂါဗေဒ (Plant pathology)၊ ဆေးဖက်ဝင်အပင်များ (Medicinal plants)၊ ရှားပါးအပင်များနှင့် မျိုးပွားယူရန်ခက်ခဲသော အပင်များအား Tissueမှ မျိုးပွားရယူသည့်
အပင်တစ်ရှုးမွေးမြူနည်း (Plant tissue culture)၊ Environmental Biologyနှင့် Biodiversity & Conservation စသည်တို့ကို တတိယနှစ်တွင် သင်ယူရမည်ဖြစ်သည်။
စတုတ္ထနှစ်တွင် အပင်မျိုးခွဲခြင်းပညာ (Plant systematics)၊ အပင်ဇီဝနည်းပညာ (Biotechnology)၊ အဏုဇီဝဗေဒ (Microbiology)၊ အသုံးချအဏုဇီဝဗေဒ (Applied Microbiology)၊ ဇီဝဓာတုဗေဒ (Biochemistry)နှင့် အသုံးချဂေဟဗေဒ (Applied Ecology) ဘာသာရပ်စသည်တို့ကို သင်ကြားကြရမည်ဖြစ်သည်။

ပေးအပ်မည့်ဘွဲ့အမျိုးအစားမှာ
BSc (Botany)နှင့် BSc (Hons.) Botany
MSc (Botany), PhD (Botany) တို့ဖြစ်သည်
BSc ဘွဲ့ရရှိရန် စုစုပေါင်း ၄ နှစ်တက်ရောက်ရမှာဖြစ်ပြီး BSc (Hons) ဘွဲ့အတွက် စုစုပေါင်း ၅ နှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်....
တက်ရောက်နေစဉ်ကာလအတွင်းမှာ Scholarships နဲ့ Students Exchange programများအတွက်လည်း အခွင့်အရေးများစွာ ရရှိမှာ ဖြစ်ပါတယ်
ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင်် တက်ရောက်ရမှာဖြစ်ပြီး လက်တွေ့ပြုလုပ်မုှုများကိုတော့ ရန်ကုန်တက္ကသိုလ် ပင်မတွင် အပတ်စဉ်ပြုလုပ်ရမှာ ဖြစ်ပါတယ်....

ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနတွင်
ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို အသုံးပြုကာ Multimedia သင်ထောက်ကူပစ္စည်းများဖြစ်သည့် Projector, Computer (Laptop), Speaker, TV,တို့ကို အသုံးပြု၍ Powerpoint presentationများ၊ Video animationsများဖြင့် ရှင်းလင်းပြသသင်ကြားလျက်ရှိပါသည်။ Lecture roomsများနှင့် Practical roomsများတွင် Air-conditioner များ တပ်ဆင်ထားရှိခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ သက်တောင့်သက်သာဖြင့် သင်ကြားသင်ယူမှုများ ပြုလုပ်နိုင်သည်။ ထို့ပြင် ကျောင်းသားကျောင်းသူများ အင်တာနက်မှ တစ်ဆင့် နိုင်ငံတကာအဆင့်မီ ပညာရပ်များ လေ့လာသိရှိနိုင်ရန်ရည်ရွယ်၍လည်း Wifiများ ထုတ်လွှင့်ပေးထားပါသည်။ လက်တွေ့ပြုလုပ်ရာတွင်လည်း ခေတ်မီ စက်ပစ္စည်းများ၊ microscopesများကို ကျောင်းသူကျောင်းသား ကိုယ်တိုင် ကိုင်တွယ် အသုံးပြုစေ၍ လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ စာသင်နှစ်တိုင်းတွင် short trip နှင့် Long trip များစီစဉ်၍ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်းများ နှင့် သဘာဝပတ်ဝန်းကျင်အား သွားရောက်လေ့လာစေခြင်းဖြင့် သင်ကြားရေးတွင် ပိုမိုထိရောက်မှု ရှိစေပါသည်။

အလုပ်အကိုင်အခွင့်အလမ်း
ဘွဲ့ရရှိပြီးသည့်အခါတွင် မိမိ၏ ကိုယ်ပိုင်အရည်အချင်း၊
ဘာသာရပ်စိတ်ဝင်စားမှု၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတို့အပေါ် မူတည်၍ FAME Pharmaceuticals, စားသောက်ကုန်လုပ်ငန်းများ၊ ဆေးဝါး စက်ရုံအလုပ်ရုံများ၊ companyများ အစရှိသဖြင့် နယ်ပယ်စုံတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်ပါသည်။ မဟာသိပ္ပံဘွဲ့ MSc ရရှိပြီးပါက တက္ကသိုလ်များတွင် သရုပ်ပြ ( Demonstrator) များအဖြစ်လည်း တာဝန်ထမ်းဆောင်ကာ သုတေသနများဆက်လက်လုပ်ကိုင်ပြီး မျိုးဆက်သစ် လူငယ်များအား ပညာများပြန်လည်ဝေမျှနိုင်ပါသည်။
There are numerous careers in botany, including soil and plant scientist, biophysicist and biochemist, biological technician, ecologists, environmental scientist and specialist, mycologist, tissue culturist, plant breeder and horticulturist.
While a bachelor's degree might get you started in this field, a master's degree or doctorate is generally needed to advance.

အပင်များ၏ အကျိုးပြုပုံ
လူသားများနှင့် အဆင့်မြင့်သက်ရှိများ ရှင်သန်ကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သည့် အောက်စီဂျင်၊ အစားအစာ၊ လောင်စာနှင့် ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်စရာ အဆောက်အဦများ
အား အပင်များမှ ရရှိနိုင်သည်။ အလင်းဖြင့် အစာချက်သည့်နည်းဖြင့် အပင်များသည် ကမ္ဘာမြေကြီး၏ ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရောက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်များအား စုပ်ယူပေးသည်။ အပင်များသည် ရေအရင်းအမြစ်နှင့် မြေဆီလွှာ ထိန်းသိမ်းရေးတွင် အရေးပါလှသည်။ ရုက္ခဗေဒပညာရှင်အချိုသည် ရှေးဟောင်းအပင်များအား ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် လေ့လာကြသည်။ ကမ္ဘာမြေကြီး၏ ရှေးဦးသမိုင်းကာလတွင် အလင်းဖြင့် အစာဖွဲ့စည်းနိုင်သည့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်သည် လေထုကို ပြောင်းလဲမှုဖြစ်စေသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် အပင်များအကြောင်းကို နားလည်သိရှိနိုင်ခြင်းသည် လူ့အသိုင်းအဝိုင်း၏ အနာဂတ်အတွက် အလွန်အရေးပါလှသည်။
ဤသို့ သိရှိထားခြင်းအားဖြင့်
တိုးပွားလျက်ရှိနေသည့် လူဦးရေအတွက် စားနပ်ရိက္ခာများ၊
ရောဂါဝေဒနာများအား ကုသနိုင်မည့် ဆေးဝါးများ၊ အဝတ်အထည်နှင့် အမိုးအကာများ ဖူဖူလုံလုံ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ သက်ရှိများ၏ အခြေခံ ဘဝဖြစ်စဉ်နှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေနိုင်မည်ဖြစ်သည်။
Tetrahydrocannabinol ၊ ကဖိန်းဓာတ်နှင့် နစ်ကိုတင်း စသည့် ဆေးဝါးသုံးပစ္စည်းများမှာ အပင်ထွက်ပစ္စည်းများ ဖြစ်ကြသည်။ အချို့မှာမူ အပင်ထွက် သဘာဝ ပစ္စည်းများအား အခြေခံ၍ ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သည်။
ဥပမာ အက်စပရင်မှာ (asprin) မိုးမခပင် အခေါက်မှရသည့် (အကိုက်အခဲပျောက်စေသော)အက်စစ်တမျိုးကို (salicylic acid) အခြေခံ၍ ထုတ်လုပ်သည့် ဆေးဝါးဖြစ်သည်။
အနာဂတ်တွင်လည်း အာနိသင်ထက်သည့် ဆေးဖက်ဝင် အပင်များကို တွေ့ကောင်း တွေ့နိုင်ဦးမည်ဖြစ်သည်။ ကော်ဖီ၊ ကိုကို၊ ဆေးရွက်ကြီးနှင့် လက်ဖက်ခြောက်တို့မှာ လူသိများသည့် အပင်ထွက် ပစ္စည်းများ ဖြစ်ကြသည်။ ဘာလီ (ဘီယာ)၊ ဆန် (အရက်)၊ စပျစ်သီး (ဝိုင်) အစရှိသည့် အပင်ထွက်ပစ္စည်းများအား အချဉ်ဖောက်ခြင်း fermentationအားဖြင့် ယမကာ alcholic beverages များကို ဖော်စပ်ထုတ်ယူနိုင်ပေသည်။
အပင်များမှလဲ ဝါဂွမ်း၊ သစ်၊ စက္ကူ၊ လိုင်နင်၊ ဟင်းရွက်ဆီ၊ ကြိုး၊ ရာဘာ စသည့် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်သည်။ ပိုးစာပင်မရှိလျှင် ပိုးချည်မျှင်များအား ထုတ်လုပ်နိုင်မည် မဟုတ်ချေ။
အချဉ်ဖောက်နိုင်သည့် သကြားနှင့် ဆီဓာတ်ပါဝင်နှုန်းများသည့် ကြံ၊ ကြက်ဆူပင်၊ စိုရာပဲ (soy) နှင့် အခြားအပင်များကို လက်ရှိတွင် ဇီဝလောင်စာအဖြစ် အသုံးချနေကြပြီဖြစ်သည်။

ပညာသင်ကိစ္စ
ယခုဆိုရင် ဂျပန်နိုင်ငံ Hiroshima Universityကတောင် Plant Biology and Angiosperms ဘာသာရပ်များ သင်ယူဖို့ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနသို့ စေလွှတ်နေပြီ ဖြစ်ပါတယ်……. နိုင်ငံခြားပညာသင်ကိစ္စများလည်း ပွင့်လင်းလာပြီးဖြစ်သဖြင့် မိမိအထူးပြုဘာသာရပ်တွင် ထူးချွန်ပါက မိမိနှစ်သက်ရာ နိုင်ငံခြားတက္ကသိုလ်တွင် သွားရောက်ပညာသင်ကြားခွင့် အခွင့်အလမ်းကောင်းများ ပေါ်ထွက်နေပြီဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒအထူးပြု ကျောင်းသားကျောင်းသူများအနေဖြင့် student exchange program အရ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ ကာဇက်စတန်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပညာသင် သွားရောက်ပြီး၊ သွားရောက်ဆဲရှိသလို ကိုရီးယားနိုင်ငံသို့ မဟာသိပ္ပံတန်း တက်ရောက်ရန်လည်း စီစဉ်လျက်ရှိပါသည်။

သို့ဖြစ်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အနေဖြင့် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနတွင် လာရောက်ပညာဆည်းပူးကြပါလို့ ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်...

အသေးစိတ်အချက်အလက်များကို
www.facebook.com/botany.yu
www.facebook.com/yumicro.bot တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။