မဟာတန်းသင်တန်းများ လျှောက်လွှာခေါ်ယူခြင်း

၁။ ရန်ကုန်တက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မဟာတန်းသင်တန်းများကို တက်ရောက်လို သူများသည် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တစ်ခုခုမှ ဂုဏ်ထူးတန်းဘွဲ့ကို အနိမ့်ဆုံးဒုတိယတန်း (ဒုတိယအဆင့်) ဖြင့် အောင်မြင်သူများ၊ မဟာအရည်အချင်းစစ်သင်တန်း အောင်မြင်သူများ၊ စနစ်သစ်ဥပဒေပညာ စတုတ္ထနှစ်သင်တန်းတွင် မဟာသင်တန်းတက်ရောက်ရန် အဆင့်မီသူများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများတွင် မဟာသင်တန်းတက်ရောက်ရန်အဆင့်မီသူများ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အထောက်အထားများဖြင့် ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များ ဌာနသို့ (၅-၅-၂၀၁၆) ရက် (ကြာသပတေးနေ့) မှ (၁၆-၅-၂၀၁၆) ရက် (တနင်္လာနေ့) အထိ ရုံးချိန်အတွင်း နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း ကြေညာလိုက်သည်။

၂။ ဘာသာရပ်သင်တန်းအသီးသီး၏ ဦးရေကန့်သတ်ချက်အရ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပါသည်။

၃။ ဝင်ခွင့်ဖြေဆိုရမည့်သူများ၏ အမည်စာရင်းကို (၂၀-၅-၂၀၁၆) ရက် (သောကြာနေ့) မှစ၍ သက်ဆိုင်ရာဌာနများတွင် ကြေညာချက်ထုတ်ပြန်ပေးမည်။

၄။ ဝင်ခွင့်စာမေးပွဲကို (၂၃-၅-၂၀၁၆) ရက် (တနင်္လာနေ့) တွင် ရန်ကုန်တက္ကသိုလ် သက်ဆိုင်ရာ ဘာသာရပ်ဌာန အသီးသီး၌ ကျင်းပမည်ဖြစ်သည်။