ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများ လျှောက်လွှာခေါ်ယူခြင်း

၁။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် အောက်ဖော်ပြပါ ဘွဲ့လွန်ဒီပလိုမာဘွဲ့ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည် -

  • (က) အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း
  • (ခ) အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း
  • (ဂ) အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း
  • (ဃ) ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း
  • (င) ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း
  • (စ) စာကြည့်တိုက်နှင့်သုတပညာ ဒီပလိုမာသင်တန်း
  • (ဆ) မနုဿဗေဒ ဒီပလိုမာသင်တန်း
  • (ဇ) လူမှုရေးပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း

၂။ အထက်ပါ ဒီပလိုမာဘွဲ့သင်တန်းများကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထား နိုင်ပါသည်-

  • (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • (ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
  • (ဂ) အစိုးရဝန်ထမ်းနှင့် အခြားလုပ်ငန်းတွင် အလုပ်လုပ်သူဖြစ်ပါက ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲ(ညွှန်ကြားရေးမှူးချူပ်/ ဦးဆောင်ညွှန်ကြားရေးမှူး) မှ အချိန်ပြည့် တက်ရောက် ခွင့်ပြုကြောင်း ထောက်ခံချက်ပါရမည်။

၃။ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ ဘာသာရပ်ဌာနများတွင် စုံစမ်းနိုင်ပါသည်။

၄။ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၁၆-၅-၂၀၁၆) ရက်၊ (တနင်္လာ)နေ့ နောက်ဆုံးထား၍ လျှောက်ထားရပါမည်။